အောင်လံ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားလျက်ရှိသည်။
အောင်လံမြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၅၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်း စုစုပေါင်း(၂၅၈)ကျောင်းတို့တွင် မေလ(၂၃ ရက်မှ ၃၁)ရက်နေ့ထိ ကျောင်းအပ်နှံမှုမှာ မူလတန်းအဆင့် (၂၄၁၂၁)ဦး၊ အလယ်တန်းအဆင့်(၇၉၃၆)ဦး၊ အထက်တန်းအဆင့်(၂၆၄၁)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၄၆၉၈)ဦးတို့သည် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်ဆက်)