ဆီဆိုင် ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၅၈၂၁)ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ(၂၀၆၁၄)ဦး၊ အခြေခံအလယ်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ(၄၀၉၉)ဦး၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ(၁၁၀၈)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၂၅၈၂၁)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)