ထန်းတပင်မြို့နယ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်း(၁/၂၀၂၃)ကို  ဘောလည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက အခြေခံမော်တာစက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာရှိကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မှော်ဘီခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးတို့က သင်တန်းဆင်းအမှာစကားများပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းကို မေလ(၁)ရက်နေ့မှ မေလ(၃၀)ရက်နေ့အထိ တစ်လကြာဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ကျေးရွာနေပြည်သူ(၂၂)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)