ကျောက်ဆည်မြို့နယ်တွင် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ  ကျင်းပ

ကျောက်ဆည် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန် (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံ မူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့မွန်လွဲ(၁)နာရီက အစိုးရဓမ္မာစရိယနှင့် ပါဠိမထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်လျက်ကြောင်း သိရသည်။

ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ် ပထမနေ့တွင် စာဖြေသံဃာ(၄၄)ပါး၊ ဒုတိယနေ့တွင်(၄၂)ပါး၊ သီလက္ခန် ပထမနေ့တွင်(၄၁)ပါး၊ ဒုတိယနေ့တွင်(၄၀)ပါး၊ ဓမ္မသိင်္ဂဏီ ပထမနေ့တွင်(၂၇)ပါး၊ ဒုတိယနေ့တွင်(၂၄)ပါး၊ မြန်မာဂုဏ်ထူး နေ့တွင် (၅)ပါး၊ ပါဠိဂုဏ်ထူး ပထမနေ့တွင်(၅)ပါး၊ ဒုတိယနေ့တွင်(၅)ပါး စုစုပေါင်း(၂၃၃)ပါး ကြွရောက်ဖြေဆိုခဲ့ကြပြီး အခြေပြုမူလတန်းစာမေးပွဲ၌ ပထမနေ့တွင် (၁၆၃) ပါး၊ ဒုတိယနေ့တွင်(၁၆၃)ပါး၊ တတိယနေ့တွင် (၁၆၂)ပါး၊ ပါဠိမထမပြန် စာမေးပွဲ ပထမကြီးတန်း ပထမနေ့တွင် (၂၃)ပါး၊ ဒုတိယနေ့တွင်(၂၃)ပါး၊ တတိယနေ့တွင်(၂၃)ပါး၊ ပထလတ်တန်း ပထမနေ့တွင် (၂၆)ပါး၊ ဒုတိယနေ့တွင်(၂၆)ပါး၊ တတိယနေ့တွင်(၂၆)ပါး၊ ပထမငယ်တန်း ပထမနေ့တွင်(၅၃)ပါး၊ ဒုတိယနေ့တွင် (၅၃)ပါး၊ တတိယနေ့တွင် (၅၃)ပါး ကြွရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်သာသနာ့ဦးစီးဌာနမှ သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲအား မတ်(၂၁)ရက်နေ့မှ မတ်(၃၀)ရက်နေ့အထိ (၉)ရက်အအကြာနှင့် ပါဠိပမထပြန်စာမေးပွဲအား မတ်(၂၈)ရက်မှ ဧပြီ(၃)ရက်နေ့အထိ (၇)ရက်အကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်  စာမေးပွဲများ ကျင်းပရာတွင် သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိင်ရေး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများက ဆွမ်း၊ ကွမ်း၊ အချိုရည်များနှင့် အခြားလိုအပ် မှုများအား နေ့စဉ် ကုသိုလ်ပြုလျက်ရှိကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)