ပေါက်တောမြို့နယ်၌ ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ  သင်တန်းဖွင့်လှစ်

ပေါက်တော မတ်  ၃၀

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်  စိုက်ပျိုးရေးကဏ္ ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေ းမြစိမ်းရောင်စီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်ရန်စီမံကိန်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ရန် စီမံကိန်းပါ ကျေးရွာများအား ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်း ဖွင့်ပွဲကို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ရန်ပုံငွေ ထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြင့်ဂါရွာဟောင်း ကျေးရွာ၊ စက်ကြီးနိုးကျေးရွာ၊ ရှင်ရွာကျေးရွာ၊ ပိန်န္နဲချောင်းကျေးရွာနှင့် ယာတိုက်ကျေးရွာများမှ ကျေးရွာကြီးကြပ်မှုကော်မတီတက်ရောက်ကြပြီး နိုင်ငံ့စီပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တာဝန်ရှိသူများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)