ဟင်္သာတ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သံကြိုးတန်းကျေးရွာအုပ်စု၊ မန်းကုန်း ကျေးရွာရှိ မန်းကုန်းအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ကျောင်းဆောင် သစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းဆောင်သစ်အား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်ပညာရေးမှူးဦးတိုးဝင်း၊ ဟင်္သာတမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မန်းကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအကျိုးတော် ဆောင်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ကျောင်းဆောင်သစ်အတွင်း သပြေခက်ဖြင့် ပက်ဖျန်းကာ စာသင်ခန်းများ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်အပ်နှံပွဲ အခမ်း အနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန်းကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ညွန့်မှ ကျောင်းဆောင်သစ်ဖွင့်လှစ်ပြီးစီးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းမှတ်တမ်းများအား ခရိုင်ပညာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် ဒု-မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော် ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)