မိုင်းငေါ့ ဇွန် ၂
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၃)ရက်နေ့မှ မေလ (၃၁)ရက် နေ့အထိသတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ကျောင်း ဝတ်စုံများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၃၈၅)ဦး၊ အ.မ.က တာလုံကျောင်းတွင် ကျောင်းသား/သူ (၁၁၂)ဦး၊ အ.မ.က မန်လုံကျောင်းတွင်(၅၈) ဦး၊ အ.မ.က ကွန်ကောက်ကျောင်းတွင် (၇၀) ဦး စုစုပေါင်း ကျောင်းသား/သူ (၅၉၆ )ဦး တို့မှ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ ဆက်)