ငါန်းဇွန်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ငါန်းဇွန်  ဇွန် ၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၉ နာရီမှစ၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၇)ကျောင်း၊ မူလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း(၇၂)ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ)(၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၁၂၇)ကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)