အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2023
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နေ့လယ်(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 09,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်းရှိ မှန်ပြတောင်ပေါ်တွင် မိုင်းနားဆရာတော်ဦးစီး၍ ဒေသခံအလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်တွင် တည်ထားကိုးကွယ် တော်မူခဲ့သော ဉာဏ်တော်အမြင့် ၉ တောင်ရှိ ကာစမဏိသေလာမှန်ပြတောင် စေတီတော် အား ဉာဏ်တော်မြှင့်တင်၍ ဘက်စုံပြုပြင်မွမ်းမံတည်ထားကိုးကွယ်နိုင်ရေး အလှူငွေများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ အံတော်ရှင်စေတီတော် ဝင်းအတွင်းရှိ မဟာသာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
Jun 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒရင်ကောက်ညွှန့် ဝယ်ယူစားသုံးသူများပြားပြီး ရောင်းအားကောင်းသဖြင့် ကုန်းတွင်းပိုင်းတွင် ပေါက်ရောက်သည့် ဒရင်ကောက်ညွှန့်ရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ ဝမ်းသာပျော်ရွှင်နေကြကြောင်း သိရသည်။
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား First Booster Sinopharm(၂၆)ဦး၊ Second Booster Sinopharm (၆၉) ဦး၊ Third Booster Sinopharm (၁၇၅) ဦးတို့ကို Sinopharm ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စုနှင့် အောင်တပ်ကျေးရွာအုပ်စုများရှိ မူကြိုကျောင်းများတွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ယမန်နေ့ ၈ ရက်နေ့တွင် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများစဥ်ဆက်မပျက် ဆောင်ရွက်ပေးနေလျက်ရှိသည်။
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။