အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ ညနေပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jun 08,2023
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲဝင် အသင်းများနှင့် မိတ်ဆုံလက်ဖက်ရည်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
Jun 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ကပ‌ကျေးရွာအုပ်စု၊ ကဒဲ-ကတွဒ်ကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
Jun 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာသုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 08,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီဌာနမှ အသက်(၅)နှစ်မှ (၁၁)နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose)ကို သက်ဆိုင်ရာအခြေခံပညာကျောင်းများလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား ဆက်လက် ထုတ်ချေးပေး လျက်ရှိသည်။
Jun 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပုရာသီးများ ရောင်းချ၍ မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Jun 08,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပညှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက်ပိုင်း မြို့နယ်ပြန်/ဆက်ရုံး Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။