မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့တက်ရောက်

မော်လမြိုင် ဇွန် ၁၀

မွန်ပြည်နယ် မော်လမြိုင်မြို့တွင်၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား  (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ Top ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက  ကျိုက်ထို မြို့နယ် ဖူဆယ်အသင်းနှင့် သထုံမြို့နယ်ဖူဆယ် အသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားနေမှုကို ကြည်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ  ဆုရရှိသောပြိုင်ပွဲ၀င် အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက  ပြိုင်ပွဲတွင် အသင်းအလိုက်၊ တစ်ဦးချင်းစီအလိုက်၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား တစ်ဦးချင်း ဆုနှင့် ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက် ဒိုင်းဆုများအား လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး ဆုရရှိသူများအား ဆုတံဆိပ်များ၊ ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)