ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချ

ညောင်တုန်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ စားသုံသူရေးရာဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်း၍ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်း၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှုန်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၅၃၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၂၂၀)ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဈေးနှုန်း သက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)