ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ချောင်းသာ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show တွင် ချောင်းသာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေရည်ထက် (စာကြည့်တိုက်လက်ထောက်-၃)နှင့် ဒေါ်အေးခြူးခြူးခင် (အငယ်တန်းစာရေး) တို့က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်များ၊ စတင် သုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ သုံးစွဲပါက ရရှိမည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ သတိပြုရှောင်ကြဉ်ရမည့် အချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ချောင်းသာမြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် Online မှ တစ်ဆင့် အသိပညာပေး Talk Show များ ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)