အုတ်တွင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြော

အုတ်တွင်း ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်ကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး တို့ရှောင်ရှားစသည့် အကြောင်းအရာများကို ဆွေးနွေး‌ဟောပြောပြီး ကျောင်းသား ကျောင်းသူ အင်အား ၄၀ တက်ရောက်ခဲ့သည်။

ထို့နောက် ဆွေးနွေးဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသားလူငယ်များအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ ဆက်)