တောင်တွင်းကြီး ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက်ရှိ မင်္ဂလာလမ်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မင်္ဂလာလမ်းသည် လမ်းအရှည် ၁၁၀၀ ပေ၊ အကျယ် ၉ ပေ၊ ထု ၆ လက်မ ဖြစ်ပြီး မတည်အလှူရှင်တစ်ဦးမှ အလှူငွေကျပ် (၁၀) သိန်း၊ လမ်းသူလမ်းသားများမှ စုပေါင်းထည့် ဝင်ငွေ (၁၀)သိန်း စုစုပေါင်း ငွေကျပ် သိန်း (၂၀) ဖြင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးဦးဆောင်ကာ နည်းပညာနှင့် လမ်းကြိတ်စက် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)