ဒဂုံ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် EOရုံး၊ ပန်းဥယျာဉ်ဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ကျန်းမာရေး (YCDC) ဝန်ထမ်းများ၊ လမ်းတံတားဝန်ထမ်းများနှင့် ရေစီးရေလာဝန်ထမ်းများပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေးပြု လုပ်ခြင်းကို ယမန်နေ့နံနက် ၈နာရီက ပြုလုပ်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင်အမှိုက်ရှင်း လင်းသိမ်းဆည်းခြင်း၊ အမြင်မတင့်တယ်သည်များအား သိမ်းဆည်းခြင်း၊ သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း၊ရေ မြောင်းများဆယ်ယူရှင်းလင်းခြင်း၊ ရေညှိများ တိုက်ချွတ်ဆေးကြောခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် Masks များ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာမှ ထွက်ရှိလာသော အမှိုက်သရိုက်များနှင့် ရေမြောင်းချေးများအား အမှိုက်သိမ်းယာဉ်(၂)စီးဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ ဆက်)