နတ်မောက်မြို့နယ် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးကွင်းဆင်း

နတ်မောက် ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယမန်နေ့က ရွာမွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အသိပညာဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ဒေသမြေအမျိုးအစားနှင့် ကိုက်ညီသင့်တော်မည့် သီးနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးစေလျက်ရှိကြောင်း၊ မိုးဦးချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင်  သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး၊ လိုက်နာဆောင်ရွက် ရမည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစုပစ္စည်းများ သုံးစွဲနည်းစနစ်၊ တောင်သူများ ကုန်ကျစရိတ်သက်သာပြီး သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး ဝါသီးနှံအရည်အသွေး ကောင်းမွန်ရေးအတွက် သဘာ၀ပိုးတားဆေး၊ ပိုးနှင့်ဆေးများ ပြုလုပ်သုံးစွဲနည်းများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူမူစန်း