နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်နှင့် တိပိဋက ကမ္ဘောဇဘုန်းတော်ကြီးကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ဆက်လက်ထိုးနှံ

နောင်ချို ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးအကြိမ်ရေ ပြည့်မီစေရေးတို့အတွက် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စိန်ရတနာပရိယတ္တိစာသင်တိုက်နှင့် တိပိဋက ကမ္ဘောဇဘုန်းတော်ကြီးကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍  ကာကွယ်ဆေးလုံးဝ ထိုးနှံခြင်းမရှိသေးသော ရဟန်း၊ သံဃာတော်များအား ပထမအကြိမ်၊ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ် စသည်ဖြင့် အသီးသီး ထိုးနှံပေးခဲ့ပြီး စိန်ရတနာပရိယတ္တိစာသင်တိုက်၌ ရဟန်း၊ သံဃာ (၆၉)ပါး၊ တိပိဋက ကမ္ဘောဇဘုန်းတော်ကြီးကျောင်း၌ (၃၈)ပါးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)