မော်လမြိုင် ဇွန် ၂၀
၂၀၂၃ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ ယမန်နေ့က အမှတ်(၁၀) နှင့်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦး၀င်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မူးယစ်ဆန့်ကျင်ရေးအသင်း အလုပ်အမှုဆောင် ဦးသန်း၀င်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်၊ အမှတ် ၃၈ မူးယစ် တပ်ဖွဲ့စု (မော်လမြိုင်) ရဲအုပ် သင်းထွန်းနိုင်နှင့် ရဲအုပ် ပြည့်ဖြိုးကိုတို့က ကျောင်းသား/ သူများအား မူးယစ် ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ရှားကြရန် နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေ ပြစ်မှု/ ပြစ်ဒဏ် အကြောင်းအရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/ သူများ အနေဖြင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်းအဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/ သူများအား Video Click ပြသခဲ့သည်။
ဆက်လက်၍ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား မူးယစ် ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များခင်းကျင်းပြသပေးခြင်း၊ အသိပညာပေး သတင်း စကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်