ဒိုက်ဦးမြို့နယ် မြို့သစ်(ခ)အ.မ.က ကျောင်းအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒိုက်ဦး ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်‌လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆)မင်းတဲရပ်ကွက်၊ မြို့သစ်(ခ) ကိုယ့်အားကိုယ်ကိုး အ.မ.ကကျောင်းအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အလှူရှင်များကိုယ်စား စက်မှုလယ်ယာညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးစိုးလှိုင်က အမှာစကားပြောကြားပြီးနောက် အင်ဂျင်နီယာချုပ်(ငြိမ်း) ဒေါ်မြမြဝင်းကလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပါသည်။ ဆက်လက်၍ ကျောင်းအဆင့်တိုးရရှိရေးလှုပ်ရှားသူ ဦးမင်းမင်းထွန်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကို ပြောကြားသည်။

ယင်းနောက်တိုင်းပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးသန်းလှိုင်က ပညာရေးဆိုင်ရာ တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားပြီးနောက် အလှုရှင်များက ကျောင်းသား ကျောင်းသူများနှင့် ဆရာမများအား လက်ဆောင်ပစ္စည်းများ ပေးဝေလှူဒါန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)