အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2023
ကျောင်းသား၊ ကျောင်းသူများစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့၊ နေ့လယ်  ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2023
ဇွန်လ ၂၆ ရက်​နေ့မှာကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ
Jun 22,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယခုနှစ် မိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွားတိရစ္ဆာန်များအတွက် အစာဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာတွင် တိရစ္ဆာန်အစာပင်(နေဗယာမြက်) တစ်ဧကို တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ‌ဝေလွင်ဦးထံက သိရသည်။
Jun 22,2023
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မော်လမြိုင် မြို့နယ်၊ ခရွန်းရှမ်းရွာရှိ Cold Storages အအေးခန်း သိုလှောင်ရုံသို့ ရောက်ရှိပြီး အအေးခန်းအတွင်း သစ်သီးဝလံ ၊ အသီးအနှံ သိုလှောင်ထားရှိမှု၊ ငါးခြောက်၊ ပုဇွန်ခြောက် သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရှိ သစ်သီးဝလံနှင့် သားငါး၊ လုပ်ငန်းရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် အေးခဲခန်း (Freezer)များကိုလည်း တည်ဆောက်လည်ပတ်စေပြီး၊ ပြည်ပပို့ကုန် တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
Jun 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မင်းကွက်(၂)ရပ်ကွက် မဟာဝိသုတာရာမ စာသင်တိုက်အတွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ဘုန်းတော်ကြီးသင်မူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်းသူ၊ ကျောင်းသားလေးများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။