ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ဗဟန်း ဇွန် ၂၂

ကျောင်းသား၊ ကျောင်းသူများစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့၊ နေ့လယ်  ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ ဗဟန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများကို ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး