ကသာ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက “နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်(၃)ရပ်” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုး၊ အကြီးတန်းစာရေး ဒေါ်တင်မြမြဝင်းနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်စွာထွန်းတို့က “ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်” (၁၂)ပါး၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိထွန်းက “နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်”၊ ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်ခိုင်ခိုင်ထွန်း က “ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၅)ပါး” လုပ်သားရုပ်သံ ဒေါ်အေးချစ်ဝင်းက “နိုင်ငံ့ဝန်ထမ်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၈)ပါး” စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဒေါ်စောကလျာက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသွားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ကျော်စွာ(ကသာ)