ညောင်ဦး ဇွန် ၂၇
ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅)အရန်မီးသတ်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က သူဌေးကန်ကျေးရွာ၌ ခြင်းဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ခြင်းဆေးဖြန်းခြင်းများအား ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ သည် ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ၊အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့အဖွဲ့များခွဲကာ ခြင်ကာကွယ်ခြင်းလုပ်ငန်းများ ဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ အုတ်ကန်များ၊ ရေစည်ပိုင်းများထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ကားလေးဝပ်ရှော့၊ ကားကြီးဝပ်ရှော့ရှိ တာယာအဟောင်း များထဲရှိရေဆိုးရေပုပ်များသွန်ခြင်းနှင့် ခြင်ခိုအောင်းပေါက်ဖွားနိုင်သည့် မြက်တောများ၊ ပေါင်းမြက်များ၊ရှင်းလင်း ပေးခြင်းဖြင့်ခြင်မှ တဆင့်ဖြစ်တတ်သည့် ရောဂါများကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း ခြင်းဆေးဖြန်းခြင်းများ ဆောင်ရွက်လိုပါက ဖုန်းနံပါတ် 09-4013 44057 သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူမှပြောကြားသည်။
ဒီပါလင်း