လားရှိုး ဇွန် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio)တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ လားရှိုးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲစည်ကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇ ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူပေါင်း ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဇူလိုင်လ ၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre– Lashio)ရှိ ဘက်စုံသုံးခန်းမ၌ ဆုများအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)