ရွှေပြည်သာမြို့နယ်၌ မိုးစပါးစံပြကွက်စိုက်မည့် တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေး‌များ ထောက်ပံ့ပေးအပ်

ရွှေပြည်သာ ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ မိုးစပါးစံပြကွက်စိုက်မည့်တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း)ဝေနေယျသုခပရဟိတအသင်းရုံး၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးခင်မောင်မြင့်က ထောက်ပံ့ပေးအပ်သည့်မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးခင်မောင်မြင့်၊ (၂၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးဆန်းနှင့်တောင်သူများတက်ရောက်ကြောင်း သိရသည်။

နေမျိူးထွန်း(ပြန်/ဆက်)