ကျိုက်မရော ဇွန် ၂၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းစုလီမိတက် အမှုဆောင်အဖွဲ့များ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက ဆွေးနွေးပြောကြားကာ အရိပ်ရအပင်များဖြစ်သည့် မန်ဂျန်ရှားအပင်(၃၀) စိန်ပန်းပြာပင်နှင့် အခြားအရိပ်ရအပင်များ စုစုပေါင်း အပင်(၅၀)ကို သမဝါယမဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများနှင့်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့များက စုပေါင်း၍ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)