မိုင်းယန်း ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင်ရှောက်ရေးအဖွဲ့နှင့် ကျန်းမားရေး ဝန်ထမ်းများ တို့မှ ပုံး၊ မြေအိုး၊ တာရာ၊ ရေကန်အဟောင်းနှင့် ရေတိုင်ကီအဟောင်းများရှိ ညစ်ညမ်းရေများကို သွန်ပေးခြင်း၊ အဖုံးမပါသော ရေအိုး၊ ရေကန် များကို ဖုံးပေးခြင်း၊ ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရေကန်နှင့် ရေစည်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး