ချမ်းမြသာစည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများနှင့် သုခုမရင်ပြင် စာပေစေတမန်မှ စာရေးဆရာများရေးသားသည့် “နှလုံးသားထဲကခင်မကန်”နှင့် သုခုမအလင်္ကာ ကဗျာ၊ ဆောင်းပါး၊ဝတ္ထုတိုများစာအုပ် စာအုပ်မိတ်ဆက်ပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းကစာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ချမ်းမြသာစည်မြို့နယ်(Book Club) အသင်းအဖွဲ့ အတွင်းရေးမှူး စာရေးဆရာ သန်းစိုးအောင်က ဟမ်စိုင်း(ဆေး-မန်း)ရေးသားထားသော (Living Together) သို့မဟုတ် နောက်ကွယ်ခေတ်သစ်ရောဂါ (ကျန်းမာရေး ဆောင်းပါးများ)စာအုပ်မှပါဝင်သည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် (Book Club) အဖွဲ့ဝင် စာရေးဆရာ ဘုန်းဇော်မိုး (ဥဿာ) က လည်းကောင်း၊ စာရေးဆရာ စိုင်းမြတ်သူ- ရွှေဘို (စာပေစေတမန်)၊စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်)စာပေနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာများကလည်း မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ချမ်း/စည်)