ကျောက်ဆည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာန၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းဗွီဒီယိုမှတ်တမ်းများ ရိုက်ကူးတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဝန်ထမ်းများ လုပ်ငန်းတာဝန်များထမ်းဆောင်ရာ၌ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အချိန်တိုအတွင်း မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းပညာများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ဓာတ်ပုံကျွမ်းကျင်- (၂) ဦးသက်မောင်၊ ရုပ်သံကျွမ်းကျင်-(၃) ဦးအောင်ပိုင်ပိုင်ကျော်တို့က သတင်းစုဆောင်းနည်း၊ ရေးသားခြင်း၊ ရိုက်ကူးနည်း၊ အသံသွင်းခြင်း၊ ရုပ်သံတည်းဖြတ်ခြင်းနှင့် လွှင့်တင်ခြင်းများကို စာတွေ့လက်တွေ့သင်ကြားပေးခဲကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်ခရိုင်နှင့် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်ရုံးများမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၂) ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်