လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပွားမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးများပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်အဆောက်အအုံများ အမိုးလန်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည့် နေအိမ်များအား အိမ်ဆောက်ပစ္စည်းဖိုး‌ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာဓမ္မာရုံတွင်ကျင်းပရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး‌ ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်း၊ အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည့် နေအိမ်များအတွက် ဗုဒ္ဒရုပ်ပွားဆင်းတုတော်များနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်သိန်း ၁၄၀၀၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လယ်ဝေးမြို့နယ်အတွင်းကျေးရွာ ၃၈ ရွာမှ နေအိမ်နှင့်အဆောက်အအုံများ အမိုးလန်ခြင်း၊ ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်အမိုးလန်ခြင်းအတွက် တစ်အိမ်လျှင် ငွေကျပ်ငါးသောင်းနှုန်း၊ နေအိမ်ပျက်စီးခြင်းအတွက် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့်နေအိမ်များအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)