မုံရွာ ဖေဖော်ဝါရီ ၂၃
မုံရွာတက္ကသိုလ်၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမပညာသင်ကာလ) ကာယဗလ၊ ကာယအလှနှင့် ကိုယ်ကာယကြံခိုင်မှုဆပ်ကော်မတီ အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက်(၈)နာရီခွဲက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာတက္ကသိုလ်မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မုံရွာတက္ကသိုလ်မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၏ အဖွင့်အကဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက သင်တန်းဆင်း ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားသည်။
ဆက်လက်ပြီး ပါမောက္ခချုပ်ဆရာမကြီးမှ အားကစားနည်းပြများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၏ အကဖြင့်ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြဆရာမများက သင်တန်းသားသင်တန်းသူ(၂၈)ဦးအား ဇန်နဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ သင်တန်းကာလ ၂၀ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)