အင်္ဂပူ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြင့်ဖြေဆိုလျက်ရှိသည်။
အင်္ဂပူမြို့နယ်အတွင်း Grade-9 စာစစ်ဌာန (၅) ခု၊ Grade-5 စာစစ်ဌာန (၄၁) ခုတို့ဖြင့်ပြုလုပ်လျက်ရှိရာ Grade-9 တွင် စာရင်းရှိ ၅၂၂ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၄၈၂ ဦး၊ ပျက်ကွက် ၄၀ ဦးရှိပြီး၊ Grade-5 တွင် စာရင်းရှိ ၃၆၇၇ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၃၅၇၃ ဦး၊ ပျက်ကွက် ၁၀၄ ဦး ရှိကြောင်းနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီးစာစစ်ဌာနများတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်စေရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြသည်။
မန်းကျော် (ပြန်/ဆက်)