တောင်ငူမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဥ် ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပညာရေးမှူးရုံးမှ ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဥ် ကျောင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁၇) ရပ်ကွက်၊ မူလွန်တောင်ကွေ့စျေးကျောင်း ၌ ကျင်းပသည်။

ဝေါမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်သစ်​တောဦးစီးဌာနက ဝေါမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယမန်နေ့ နံနက်(၈)နာရီက တမာတကေကျေးရွာအုပ်စု၊ တမာတကေကျေးရွာရှိ ပဲခူး-စစ်တောင်းတူးမြောင်းဘေး၌ ကျင်းပကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်ပြဘုတ် ပြသဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဘေး နံရံကပ်ပြဘုတ်တွင် ယနေ့မှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ၊ သုတသိင်္ဂီစာကြည့်တိုက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ မြို့မဈေးကြီးအတွင်း ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း ဈေးသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဈေးတာဝန်တို့မှ  ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး လိုက်လံကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ လျှပ်စစ်ဓာတ်အားလျော့နည်းပျောက်ဆုံးမှုမရှိစေရန်နှင့် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်မများတွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက (အ.မ.က) ဂွေးပင်ချောင်၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်အတန်းကျောင်းနှင့် အမှတ်(၂)အ​ခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥပဒေအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ဥပဒေရုံး၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥပဒေအသိပညာပေးဟောပြောခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ (ပညာ့ဂုဏ်ရည်) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ် အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကို ဇူလိုင် ၁ ရက်နေ့ နံနက် (၉) နာရီအချိန်က အ.လ.က (ခြဲ) ဘိုးတော်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၅ ခုနှစ်၊  ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၅ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအားကစာကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး အားကစားကော်မတီနာယက၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
Subscribe to