ဒေးဒရဲမြို့နယ်အား Clean City၊ Green City ဖြစ်စေရေး စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အား Clean City, Green City. ဖြစ်စေရေး၊ သန်ရှင်းသာယာလှပစေရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေး အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက မြို့အဝင်ဆိုင်းဘုတ်များ သပ်ရပ်လှပ‌အောင် ဆောင်ရွက်ထားရှိမှု၊ မြို့ဝင်လမ်းဘေး (ဝဲ၊ယာ) ရှိ မြေခင်းအလှနှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ မြို့တွင်းလမ်းမကြီးများ သန့်ရှင်းမှုရှိ‌စေရေး ဆောင်ရွက်ထားရှိမှု၊ မြို့တွင်းရေစီးရေလာကောင်းမွန်‌စေရေး ရေနှုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း