ညောင်လေးပင် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ရှေးဦးစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဖခင်ကြီးဦးမောင်မောင်ကြီးအားရည်စူး၍ ကျန်ရစ်သူမိသားစုဝင်ဆေးအလှူရှင်များ၊ ရွှေလုပ်ငန်းရှင်များအသင်းအလှူရှင်များ၊ ဆေးနှင့်ဆေးပစ္စည်းအလှူရှင်မိသားစုဝင်များနှင့် မြို့မိမြို့ဖများမှစုပေါင်း၍ ဆေးနှင့်ဆေးဝါးများ ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်အသင်းအလှူရှင်များ၊ ကိုဖိုးခွား(ဆေးဆိုင်)မှ စေတနာရှင် ဆေးအလှူရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်၍ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် လစဉ်လတိုင်းကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)