မုံရွာ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများသည် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ရောက်ရှိရာ Gread- 5 ၊ Gread- 9 ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေချိန်ကာလနှင့် ပြီးဆုံးချိန်ကာလအထိ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ ကျောင်းပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အား စာမေးပွဲကြီးကြပ်ရေး မှူးများနှင့် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ Gread- 5 ၊ Gread- 9 ကျောင်းသား၊ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ ဝင် ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား အဆင်ပြေပြေ ချောချောမွေ့မွေ့အခက်အခဲများ ကြန့်ကြာမှုမရှိအောင် မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာစေရန်နှင့် ဝင်ရောက်ပြီးရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ ရေရှည်ဆက်လက်ရပ်တည်နိုင်အောင်နှင့် ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှုဖြင့် Snacky DGW Co,ltd မှ စစ်ကိုင်းမြို့တွင် တစ်ရှူးစက္ကူ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်၊ Taw Win Myanmar Sanyu Co,ltd မှ စစ်ကိုင်းမြို့တွင် ဝက်မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်နှင့် SKD စနစ်ဖြင့် နှစ်ဘီး၊ သုံးဘီးဆိုင်ကယ် အမျိုးအမျိုးတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလာခြင်း၊ Good Nest Myanmar Co,ltd မှ စစ်ကိုင်းမြို့တွင် SKD စနစ်ဖြင့် အဲကွန်း၊ TV ၊ ရေခဲသေတ္တာနှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး၊ အဝတ်လျှော်စက်၊ ပဲပိစပ်ဆီ၊ သကြားသန့်စင်စက်၊ အချိူရည်အမျိုးမျိုး၊ ဂျူံကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခွင့်၊ Vector X Co,ltd မှ စစ်ကိုင်းမြို့တွင် စက်ဆီချောဆီအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခွင့်နှင့် Motive Super Co,ltd မှ စစ်ကိုင်းမြို့တွင် SKD စနစ်ဖြင့် နှစ်ဘီး၊သုံးဘီး ဆိုင်ကယ်အမျိုးအမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခွင့်နှင့် ရင်းနှီးမြုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းများအား သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူ များက Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန် ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)