ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်း ကမ်းခြေလမ်းမကြီးတစ် လျှောက်ရှိ အချို့မြေသားလမ်းပိုင်းနေရာများတွင် ကား၊ ဆိုင်ကယ် အစရှိသည့်မော်တော်ယာဥ်များသွားလာလှုပ်ရှားရာ၌ ဖုန်မှုန့်များထ၍ လမ်းဘေးရှိလူနေအိမ်များ၊ ရုံးဌာနများတို့တွင် ဖုန်မှုန့်များကြောင့်အခက်အခဲကြုံတွေ့နေရသဖြင့် ရွှေသောင်ယံမြို့ ၊ မြို့အုပ်ချုပ်ရေးမှူး၏အစီအစဉ်ဖြင့် တစ်နေ့နှစ်ကြိမ်ခန့်လမ်းမကြီးတစ်လျှောက် ရေဖြန်းခြင်းဖြင့် ဖုန်မှုန့်ထခြင်းမှကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။
သို့ရာတွင် ရွှေသောင်ယံမြို့၊ နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဥ်ဖြင့် ရွှေဟိန်းထက်ကုမ္ပဏီရေလှောင်ကန်မှ ရေများသယ်ဆောင်ပြီး လမ်းမကြီးတစ် လျှောက်ရေဖြန်းကာ ဖုန်မှုန့်ထခြင်းအန္တရာယ်မှကင်းဝေစေရေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ကိုကိုမောင်
ရွှေသောင်ယံ (ပြန်/ဆက်)