ပေါင်းတည်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

ပေါင်းတည် မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ‌ပြည်သူ့ဆေးရုံသို့ ယမန်နေ့က ပြည်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာ၌ အထွေထွေသမားတော်က ကျား (၃၆)ဦး၊ မ (၈)ဦး၊ ခွဲစိတ်အထူးကုက ကျား (၄)ဦး၊ မ (၁၁)ဦး၊ ကလေးအထူးကုဆရာဝန်ကြီးက ကျား (၉)ဦး၊ မ (၅)ဦး၊ အရိုးအထူးကုဆရာဝန်ကြီးက ကျား (၂၁)ဦး၊ မ (၄၂)ဦး၊ မျက်စိအထူးကုဆရာဝန်ကြီးက ကျား (၁၇)ဦး၊ မ (၅၅)ဦး၊ နားနှာခေါင်းလည်ချောင်းအထူးကုက ကျား (၇)ဦး၊ မ (၁၄)ဦး၊ သွားအထူးကုက ကျား (၅)ဦး၊ မ (၅)ဦး၊ တီဗွီဓာတ်မှန်ဆရာဝန်က ကျား (၂၁)ဦး၊ မ (၄၃)ဦးတို့အား စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြရာ ကျား (၁၂၀)ဦးနှင့် မ (၂၅၂)ဦး စုစုပေါင်း (၃၇၂)ဦးအား စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါဆောင်ရွက်နေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်တို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြရာ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းချစ်က  လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ရွှေသား(IPRD)