မိတ္ထီလာ မတ် ၃
မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၁ဝ နာရီက စတင်ဖွင့်လှစ်ပို့ချကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ အမက(၁၆) အင်းကုန်းမှ ပန်းချီဆရာဦးအောင်ဇင်မြင့်က သင်တန်းတွင် သင်ကြားပို့ချမည့် သင်တန်းစာများအကြောင်းကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းကို ဆက်လက်ပို့ချခဲ့ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူကျောင်းသား ၃ဝ တက်ရောက်ပြီး သင်တန်းကာလ တစ်လတာကြာမြင့်မည်ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသူကျောင်းသားများကို အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် အခြေခံပန်းချီသင်တန်းအပါအဝင် မြန်မာ့သိုင်းသင်တန်း၊ အင်္ဂလိပ်အခြေခံသင်တန်း၊ ကဗျာရေးစပ်နည်းသင်တန်း နှင့်ပိုက်ကျော်ခြင်းသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ပညာရေးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ ပူးပေါင်း၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
ချမ်းသာ