လက်ပံတန်း မတ် ၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ ဦးထက်ဝေခိုင်၏ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဦးထက်ဝေခိုင်၏ အသားတိုးဝက် ၇၀ကောင်၊ မျိုးဝက်မ ၆ ကောင် မွေးမြူထားရှိမှုအခြေအနေအား ကြည့်ရှုအားပေးပြီး၊ ဒေသထွက်ကုန်ကြမ်းစပ်စာများနှင့် ရောစပ်၍ ဝက်စာများကြွေးမွေးရန်၊ ပတ်ဝန်းကျင် အနံ့အသက်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်နှင့် ရှေ့ဆက်၍ ဝက်အကောင်ရေ တိုးချဲ့မွေးမြူသွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)