ရပ်စောက် မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောပြီးနောက် သင်တန်းနည်းပြ ဆရာ ဦးဇော်ဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများအား အခြေခံပန်းချီပညာကို စတင်သင်ကြားပေးပြီးနောက် သင်တန်းနည်းပြ ဆရာဦးသိန်းအောင်က အခြေခံအင်္ဂလိပ်စာကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၆၁)ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိရာ သင်တန်းအား မတ်လ ၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)