မိုးညို မတ် ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ပြည့်စင်ကုန်းကျေးရွာ မိုးညို - နတ်တလင်းသွားကားလမ်းဘေး(မိုင်တိုင်အမှတ် - ၄၂/၁ နှင့် ၄၂/၂ အကြား) ကွင်းအမှတ် ၁၁၅(က)တွင် စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူဦးဇော်ဝင်းအပါအဝင် တောင်သူ(၂၅)ဦး၏ အစေ့ထုတ်ပြောင်း ဧက၂၀၀ စိုက်ပျိုးထားရှိပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်ကိုကြည့်ရှု၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ဖလံချောင်းကျေးရွာ မိုးညို - နတ်တလင်းသွားကားလမ်းဘေး(မိုင်တိုင်အမှတ်- ၅၀/၄)အနီးရှိ တောင်သူ ဦးမြသန်းအပါအဝင် တောင်သူ(၄)ဦး စိုက်ပျိုးထားသည့် ငရုတ်စိုက်ခင်း ၅ ဧက အောင်မြင်ဖြစ်ထွန်းမှုအားကြည့်ရှု၍ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ငရုပ်စိုက်ခင်းများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်သီးစားမှ နှစ်သီးစားသို့ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)