ငပုတာ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထက်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထက်ဆင့်ရှင်းလင်းဆွေးနွေး ပြောကြားရာတွင် စိုက်ပျိုးမြေဧကများအား လျာထားချက်များနှင့်အညီပြည့်မီအောင် စိုက်ပျိုးရန်လိုကြောင်း၊ ရိုးပြတ်ကျန်ဧကများမရှိစေရေးနှင့် သီနှံများအားလုံး ပန်းတိုင်အထွက်နှုန်း တိုးထွက်ရန်လိုကြောင်း၊ ဧရာဝတီပေါ်ဆန်းမွှေးအား အရည်အသွေးပြည့်မီစေရေး၊ ပြည်တွင်းဖူလုံစေရေးနှင့် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သတ်၍ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အထူးဆောင်ရွက်ရန်လိုကြောင်း၊ မြေယာဆုံးရှုံးမှုမရှိစေရေးနှင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများအား ကျောင်းတက်ရောက်နိုင်ရေး၊ အားကစားကဏ္ဍမြှင့်တင်ရေးအတွက် အထူးအလေးဆောင်ရွက်နိုင်ရန်လိုကြောင်း ၊မိမိတို့နိုင်ငံအတွက် ပြည်တွင်းထုတ်ကုန်များနှင့်အခြေခံစားသောက်ကုန်များကို ပြည်တွင်း၌ ဖူလုံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံအောင်ဆောင်ရွက်နိုင်ရေးအတွက် ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးရန်လိုကြောင်း၊ လူတိုင်းအသက်ရှင်နေထိုင်နိုင်ရေးအတွက် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)