မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး    သြဂုတ်      ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရင်က လူငယ်နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့် အကြောင်းအရာများ ဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစားအကြောင်းအရာများ ဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက အာဇာနည်‌ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝနှင့် လွတ်လပ်ရေးရရှိ‌အောင် ကြိုးပမ်း‌မှုများအကြောင်း ဟောပြောခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာကြီး ဒေါ်နန်းရင်ထံ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)