ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းမှုကြောင့် ဖွင့်လှစ်ခဲ့ရသည့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်း

ကျိုက်ထို  ဩဂုတ် ၁၁

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်လာသည့်အတွက် ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းကြီးကျောင်းနှင့် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများပြန်လည် ဖွင့်လှစ်ခဲ့ရသည်။

ယင်းသို့ကယ်ဆယ်‌ ရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ရာတွင် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းမှစတင်ပြီး ရေများလျော့နည်း ကျဆင်းခဲ့သည့်အတွက် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၂)ခုတွင် ပြောင်းရွှေ့ နေရာချထားပေးသည့် ရေဘေးရှောင် အိမ်ခြေ (၈၈)အိမ်၊ အိမ်ထောင်စု (၈၈)စု၊ ကျား (၁၅၉)ဦး၊ မ (၁၇၆)ဦး၊ ပေါင်း (၃၃၅)ဦးတို့မှ နေအိမ်များသို့ ပြောင်းရွှေ့သွားပြီးဖြစ်၍ ရေဘေးရှောင်ကယ်ဆယ် ရေးစခန်း (၂)ခုအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်