မြစ်သားမြို့နယ်တွင် ပညာသင်နှစ် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆက်လက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မြစ်သား သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရွှေသူဌေးရပ်ကွက်ရှိ (အ.ထ.က) မြစ်သားကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင် ဆက်လက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ပညာနှစ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်မှာ အလျား (၁၁၄) ပေအရှည်ရှိပြီး အနံ (၃၂) ပေရှိ သံကူကွန်ကရစ်အဆောက်အဦဖြစ်ပြီး ခွင့်ပြုရန်ပုံ‌ငွေ (၃၅၆.၂၅၂) ကျပ်သန်းဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက စတင်ဆောက်လုပ်ခဲ့ရာ ၎င်းလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်းပြီးစီးရန်အတွက် မြို့နယ်အရည်အသွေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီတို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျောင်းအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် (114’×32’) RC နှစ်ထပ်ဆောင်ကို Mal Madi International Construction Co.Ltd. မှတာဝန်ယူ ဆောက် လုပ်နေခြင်းဖြစ်ပြီး သတ်မှတ်ထားသော ကာလအတွင်းလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ ဆက်လက်၍တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)