နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မုံရွာမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင်နှင့်မုံရွာမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ဥစားကြက် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး မြို့နေပြည်သူများဥစားသုံးမှု ဖူလုံရရှိအောင်ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မုံရွာမြို့အတွင်းရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် (၂၉)ဦးအား ချေးငွေကျပ်(၂၇၆၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။