ညောင်လေးပင် ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း(၁၂) ကျောင်း ယာယီပိတ်ထားရကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအထက် အထက် ၁၁၂၁ စင်တီမီတာသို့ရောက်ရှိနေပြီး ယင်းမြစ်အနီးတစ်ဝိုက်ရှိ ကျောင်းများအတွင်း မြစ်ရေဝင်နေသဖြင့် ခေတ္တယာယီပိတ်ထားရသည်။
မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ခေတ္တယာယီပိတ်ထားရသည့် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ)(၂)ကျောင်း၊ မူလတန်းကျောင်း(၄) ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၄)ကျောင်း၊ စုစုပေါင်း (၁၂) ကျောင်း ရှိကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်ဆက်)