ထန်းတပင်(ပဲခူး) သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းနားမြေများ ပြိုကျလျက်ရှိကြောင်း သိရသည်။
ထန်တပင်မြို့ အောင်ချမ်းသာရပ်ကွက် ကမ်းနားလမ်းရှိ ဦးသိန်းဇံ၊ ဒေါ်ရွှေမြနေအိမ်တို့၏ နောက်ကျောဘက်မှ(၃၀)ပေဝန်းကျင်ခန့်တွင် ပေ ၂၀ ခန့်၊ ဒေါ်ဆန်းမြင့်နေအိမ် နောက်ကျောဘက်မှ(၂၅) ပေဝန်းကျင်တွင် ၅ ပေခန့်၊ ဒေါ်ခင်မြင့်နေအိမ် နောက်ကျောဘက်မှ(၃၀)ပေဝန်းကျင်ခန့်တွင် ၅ ပေခန့်၊ ဦးနိုင်အောင်နေအိမ် နောက်ကျောဘက်မှ (၂၀)ပေဝန်းကျင်ခန့်တွင် ၁၅ ပေခန့်၊ ဒေါ်ငွေချစ်နောက် ကျောဘက်မှ(၄၀)ပေဝန်းကျင်ခန့်တွင် ၆ ပေခန့် ကမ်းနားများ ပြိုကျလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါကမ်းနားပြိုကျရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)